Premium ဝယ်ယူရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် အောက်ပါလုပ်ထုံးလုပ်နည်းများကို လိုက်နာပေးရန် လိုအပ်ပါသည် -
- • Premium ဝယ်ယူရန် ဖော်ပြထားသော Mobile Wallet ( Kpay,Wavepay,CB Pay,Aya Pay ) များသို့ ငွေလွှဲပြီးနောက် ငွေလွှဲပြေစာ (Transaction Screenshot) အား Support Team(Viber) ထံသို့ မဖြစ်မနေ ပေးပို့ရပါမည်။ ပြေစာပေးပို့ခြင်း မရှိပါက သက်တမ်းထည့်သွင်းပေးခြင်း ဆောင်ရွက်ပေးနိုင်မည် မဟုတ်ပါ။
- • ငွေလွှဲပြေစာတွင် Transaction ID (ငွေလွှဲအမှတ်စဉ်) နှင့် နေ့စွဲ/အချိန် တို့ ရှင်းလင်းစွာ ပါဝင်ရပါမည်။ ငွေလွှဲသည့်အခါ မှတ်ချက် (Note) တွင် မိမိ၏ Device ID ကို တစ်ပါတည်း ထည့်သွင်းပေးခြင်းဖြင့် ဝန်ဆောင်မှုကို ပိုမိုမြန်ဆန်စွာ ရရှိနိုင်ပါသည်။
- • ငွေလွှဲပြေစာအား Photoshop ဖြင့် ပြင်ဆင်ခြင်း၊ သူတစ်ပါး၏ ပြေစာအဟောင်းများအား အသုံးပြုခြင်း စသည့် အတုအပပြုလုပ်မှုများ တွေ့ရှိပါက အဆိုပါ Device အား အမည်ပျက်စာရင်းသွင်း (Blacklist) လုပ်၍ ဝန်ဆောင်မှု ရပ်ဆိုင်းသည်အထိ အရေးယူသွားမည် ဖြစ်ပါသည်။
- • ငွေလွှဲပြီး (၂၄) နာရီအတွင်း ပြေစာပေးပို့ရန် ပျက်ကွက်ပါက စာရင်းပြန်လည်စစ်ဆေးရန် ခက်ခဲနိုင်သဖြင့် အမြန်ဆုံး ပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
- • ပြေစာပေးပို့ပြီးနောက် Premium သက်တမ်းဝင်ရန်အတွက် စာရင်းစစ်ဆေးချိန် ၅ မိနစ်မှ ၁ နာရီအတွင်း ကြာမြင့်နိုင်ပါသည်။ ပိတ်ချိန်(သို့)ပိတ်ရက်ဖြစ်ပါက ထို့ထက်ပိုကြာနိုင်ပါသည်။
- • ဖော်ပြထားသော ဖုန်းနံပါတ် သို့မဟုတ် အကောင့်များသို့သာ သေချာစွာ စစ်ဆေး၍ ငွေလွှဲပေးရန် လိုအပ်ပြီး နံပါတ်အမှားသို့ လွှဲမိပါက ကျွန်ုပ်တို့မှ တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။